အလုပ်လုပ်ပုံ
ကိုယ်ပိုင် VPN လုပ်ဆောင်ပြီး သင့်အင်တာနက် ဒေတာစီးဆင်းမှုကို ထိန်းချုပ်ခြင်း
လူတိုင်းအတွက် ကိုယ်ပိုင် VPN တည်ဆောက်ရာတွင် လွယ်ကူစေခြင်းဖြင့် Outline သည် သမားရိုးကျ VPN နမူနာပုံစံပေါ်တွင် ပိုမိုကောင်းမွန်အောင် ပြုလုပ်သည်။
သမားရိုးကျ VPN များ
သမားရိုးကျ VPN များကို အလွယ်တကူရှာဖွေနိုင်သဖြင့် ၎င်းတို့ကို အလွယ်တကူ ပိတ်ဆို့နိုင်လေ့ရှိသည်။
သင်သည် VPN တစ်ခု အသုံးပြုသောအခါ သင်၏ဒေတာစီးဆင်းမှုကို အမည်ဖော်မထားသော်လည်း လူကြိုက်များသော VPN များက သုံးသည့် အချို့သော လုံခြုံရေးပရိုတိုကောများသည် အလွယ်တကူရှာဖွေနိုင်ပြီး ပိတ်ဆို့နိုင်သည့် သီးခြား လျှို့ဝှက်ကုဒ်ထည့်ထားသော လက်မှတ်များကို အသုံးပြုသည်။
သင်၏ကိရိယာကို သမားရိုးကျ VPN သို့ ချိတ်ဆက်လိုက်သောအခါ အလားတူဒေတာစီးဆင်းမှုပမာဏက ဆာဗာကို အလွယ်တကူရှာဖွေနိုင်ပြီး ပိတ်ဆို့နိုင်စေသောကြောင့် သင်၏ဒေတာစီးဆင်းမှုကို အလွယ်တကူသိရှိနိုင်သည်။
Outline
Outline သည် အခြား VPN များကို ပိတ်ဆို့ထားချိန်တွင် အလုပ်လုပ်နိုင်ပြီး ကွန်ရက်အခြေခံ ပိတ်ဆို့ခြင်း (သို့) IP ပိတ်ဆို့ခြင်းကဲ့သို့ ရှုပ်ထွေးသော ဆင်ဆာဖြတ်သည့်ပုံစံများကို ခုခံနိုင်သည်။
ရှာဖွေရန် ခက်ခဲအောင် ဒီဇိုင်းရေးဆွဲထားသဖြင့် ပိတ်ဆို့ရန် ပိုမိုခက်ခဲသည့် ပရိုတိုကောသုံးပြီး တည်ဆောက်ထားသောကြောင့် Outline က ပို၍ဒဏ်ခံနိုင်ခြင်း ဖြစ်သည်။
သင်၏ဆာဗာသို့ ဝင်သုံးခွင့်ကို ယုံကြည်ရသူအဖွဲ့နှင့် သီးသန့်မျှဝေသည်။ သင့်ဆာဗာသို့ လူအနည်းငယ်ကသာ ချိတ်ဆက်ထားလျှင် ရှာဖွေတွေ့ရှိရန် ပိုမိုခက်ခဲသောကြောင့် သီးသန့်ဖြစ်နေရန် ပိုမိုလွယ်ကူသည်။
သင့်ကိုယ်ရေးလုံခြုံမှုကို ထည့်သွင်းစဉ်းစားပြီး Outline ကို တည်ဆောက်ထားသည်။
၎င်းသည် ဘယ်တော့မှ သင်၏ဒေတာစီးဆင်းမှုကို မှတ်တမ်းမတင်ပါ (သို့) သင်၏အင်တာနက် အသုံးပြုမှုကို ခြေရာမခံပါ။
Outline မန်နေဂျာ ရယူရန် Outline ကလိုင်းယင့် ရယူရန်